ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး (မြိုနယ်အဆင့်) ဘာသာရပ်ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး (မြိုနယ်အဆင့်) ဘာသာရပ်ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ







MNP ၊ ဖေဖော်ဝါရီ ၂၆      

         

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ  အောင်ချက်မြင့်မားရေး(မြို့နယ်အဆင့်) ဘာသာရပ် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၂၆)ရက်နံနက်(၉)နာရီတွင်ကျိုက်ထိုမြို့နယ်၊အထက(၁)ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

          

အခမ်းအနားတွင် မြိုနယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးမှ အဖွင့်အမှာစကားပြောကြားကာ မြိုနယ်ပညာ ရေးမှူး ဒေါ်သီသီဝင်းနှင့် ဒုမြိုနယ်ပညာရေးမှူး‌ ဦးအောင်မြင့်ထွန်းတို့မှ ဘာသာရပ်ဆင့်ပွားဆွေးနွေးပွဲ ပြုလုပ်ရသည့်ရည်ရွယ် ချက်နှင့်ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲပြုလုပ်မည့် အစီအမံများ  အားရှင်းလင်းပြောကြားကြပြီး ဆွေးနွေးပွဲပြုလုပ်‌ နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

          

အဆိုပါဆွေးနွေးပွဲတွင်  Grade-11 အဆင့်  သင်ရိုးဟောင်းအထောက်အကူပြု  မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ရူပဗေဒ၊ဓါတုဗေဒနှင့်  ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်တို့အားနည်းပြဆရာ/ဆရာမ (၃၆)ဦးတို့မှ ဘာသာရပ်သင်ဆရာ/ဆရာမ (၈၉)ဦးတို့အားတခန်းလျှင်(၁၁)ဦးဖြင့်အခန်း(၈)ခန်းတို့တွင် သင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - သန်းသန်းမော်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)