အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး


MNP - ဖေဖော်ဝါရီ    ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌  အသက် ၁၂နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ဒုတိယအကြိမ် ထပ်မံထိုးနှံရမည့် ကျောင်းသားကျောင်းသူများကို  ယမန်နေ့နေ့လည်က  အခြေခံပညာအထက်တန်းကျောင်း  ကာကွယ်ဆေးထိုး စုရပ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံမှုတွင်  မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်း  (၄)ကျောင်းမှ  ကာကွယ်ဆေး  ဒုတိယအကြိမ်  ထပ်မံထိုးနှံရန်  ကျန်ရှိနေသော  ကျောင်းသားကျောင်းသူ ၉၄ ဦးကို  Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ  ထိုးနှံပေးခဲ့ပြီး  ကျေးရွာအုပ်စုများတွင် ရှိနေသည့်  ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ကျောင်းသားကျောင်းသူများကိုလည်း  နယ်လှည့်ကွင်းဆင်း စနစ်ဖြင့်  ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်သည်။

မိုင်းကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကွယ်ဆေးထိုးနှံမှုတွင်   ယနေ့အထိ  အသက် ၁၈နှစ် အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ  ၂၃၀၅၇ ဦးရှိသည့်အနက်  ပထမအကြိမ်  ထိုးနှံပြီးသူ  ၁၈၈၇၅ ဦး၊ ဒုတိယအကြိမ်  ထိုးနှံပြီးသူ  ၁၅၂၄၃ ဦး  နှင့် ထိုးနှံပြီးစီးမှု ရာခိုင်နှုန်း  ၈၁.၈၆ %၊ အသက် ၁၂နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ ၁၁၃၃ ဦး ရှိသည့်အနက် ပထမအကြိမ် ထိုးနှံပြီးသူ ၈၀၅ ဦး၊ ဒုတိယအကြိမ်  ထိုးနှံပြီးသူ ၇၁၆   ဦး၊   ထိုးနှံပြီးစီးမှု ရာခိုင်နှုန်း ၈၁.၃၆ % ရှိကြောင်း၊  ကာကွယ်ဆေးထိုးနှံပြီး  ခြောက်လပြည့်ပြီးသူများကို  ထပ်ဆောင်းကာကွယ် ဆေးနှင့် ကာကွယ်ဆေးလုံးဝ ထိုးနှံရခြင်း မရှိသေးသူများကို ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက်  မြို့နယ်ပြည်သူဆေးရုံ  ကာကွယ်ဆေး ထိုးစုရပ်၌ တာဝန်ရှိသူများက နေ့စဉ်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)