ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

MNP - ဖေဖော်ဝါရီ    ၁၇

ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တွင် ကရင်ပြည်နယ်၊ ကလေးအလုပ် သမားပပျောက် ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီမှ ကြီးမှူး၍ ပြည်နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်းကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသင်တန်းကို ကလေးအလုပ်သမားများ ပပျောက်ရေးနှင့် ကလေးငယ်များအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူနိုင်မှုအခွင့်အလမ်းများ ရရှိစေနိုင်ရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး တစ်ဦးချင်း ဝင်ငွေပိုမိုမြင့်မား လာစေရန် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း အစိုးရနည်းပညာ အထက် တန်းကျောင်း (ဘားအံ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ နန်းမိုးမိုးကြည်ထံမှ သိရှိရသည်။

အခြေခံကွန်ပျူတာသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ မတ်လ (၁၁) ရက်နေ့ထိ (၁) လ တာကာလ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့ထိ နံနက်(၉)နာရီမှ နေ့လယ် (၁၂) နာရီထိ သင်ကြားပေးလျက်ရှိပြီး  ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက်(၁၈)နှစ် အောက် သင်တန်းသား၊ သင်တန်းသူ(၂၅)ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်းနှင့် သင်တန်းကာလ ပြီးဆုံးပါက သင်တန်းဆင်း လက်မှတ် များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)