ကျိုက်လတ်မြို့အဝင် ကိုဗစ်-၁၉‌ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် RDT Test Kits ဖြင့် စစ်‌ဆေးခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်မြို့အဝင် ကိုဗစ်-၁၉‌ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် RDT Test Kits ဖြင့် စစ်‌ဆေးခြင်းများ ဆောင်ရွက်


MNP - ဖေဖော်ဝါရီ    ၁၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက် ပြန့်ပွားမှု မဖြစ်ပွားစေရန် ကာကွယ်ရေးအတွက် ကျိုက်လတ်မြို့၊ မြို့ဝင်ကျန်းမာ‌ရေး စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးထားခြင်းမရှိသူများအား RDT Test Kits ဖြင့်စစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များက လာရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ခရီးသွားပြည်သူများနှင့် သံသယရှိလူနာများအားမြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့်ကျန်းမာရေး ဦးစီးဌာနတို့မှ ပူးပေါင်း၍ နေ့စဉ်မြို့အဝင် ကျန်းမာရေးဂိတ်တွင် စစ်ဆေးခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ရုံးဒေါင့်တိုက်နယ်ဆေးရုံများတွင် ကျန်းမာရေး မကောင်း၍ လာရောက်ဆေးကုသသူများအား ကိုဗစ်-၁ ၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၅၄)ဦး ရှိနေပြီဖြစ်ပြီး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာ (၂၁)ဦး၊ မိုးကုတ် ဓမ္မရိပ်သာတွင်ပိုးတွေ့လူနာ(၇)ဦး၊ ရုံးဒေါင့်တိုက်နယ် ဆေးရုံတွင် ပိုးတွေ့လူနာ(၆) ဦး ဆေးကုသ မှုခံယူလျက်ရှိပြီး၊ ပိုးတွေ့လူနာ (၂၀)ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာနက သိရသည်။

သို့ဖြစ်ပါ၍ ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံကြရန်၊ အပြင်ထွက်လျင် နှာခေါင်းစည်း Mask တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများသို့တက်နိုင်လျှင် မသွားရောက်ကြရန်၊ မိမိတွင်ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် တာန်ရှိသူများက အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဌေးဌေးလှိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)