အနန္တဇိနလောကချမ်းသာ စေတီတော် တည်ထားကိုးကွယ်ရေးအတွက် မြို့နယ်သံဃနာယကထံမှ ဩဝါဒခံယူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနန္တဇိနလောကချမ်းသာ စေတီတော် တည်ထားကိုးကွယ်ရေးအတွက် မြို့နယ်သံဃနာယကထံမှ ဩဝါဒခံယူပွဲကျင်းပ


MNP - ဖေဖော်ဝါရီ    ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အရှေ့ကျေးရွာအုပ်စု၊ မဟာထူပါရုံတောရကျောင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် ဓမ္မဓဇဓမ္မာရုံဖွင့်ပွဲနှင့် အောင်တော်မူ ကုန်းတော်ပေါ်တွင် အနန္တဇိန လောကချမ်းသာစေတီတော် တည်ထားကိုးကွယ်နိုင်ရန် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒခံယူပွဲကို ဖေဖော်ဝါရီလ ၅ ရက် နံနက်(၁၀)နာရီက အဆိုပါဓမ္မာရုံတွင် ကျင်းပသည်။

အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ပြီးဖွင့်လှစ်သည်။ ယင်းနောက် လွိုင်လင်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ပင်လုံမြို့ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘန္ဒန္တပညာဝံသ (မဟာသဒ္ဒမ္မဇောတိက) ဆရာတော်ထံမှ  ဧည့်ပရီတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော် သံဃာတော်များမှ မေတ္တာသုတ်ပရီတ်တရာတော်များ ရွတ်ပွားကြသည်။ ဆက်လက်၍ လှူဘွယ်ပစ္စည်းများ ၊ နဝကမ္မအလှူငွေများကို တာဝန်ရှိသူများ က ဆရာတော် သံဃာတော်များထံဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အနန္တဇိနလောကချမ်းသာ စေတီတော် တည်ထားကိုးကွယ်မှုတည်ဆောက်ရေးဥက္ကဌ လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး စေတီတော်တည်ဆောက်ရေးအဖွဲ့ဝင် နည်ပညာ တက္ကသိုလ်(ပင်လုံ) တာဝန်ခံပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်က စေတီတော်တည်ဆောက်မည့် အစီအစဉ်များကို ပရိုက်ဂျက်တာဖြင့် ရှင်းလင်းတင်ပြရာ လွိုင်လင်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်နှင့် လွိုင်လင်မြို့ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘန္ဒန္တပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ)တို့က ဩဝါဒကထာများ ချီးမြှင့်တော်မူပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဒသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြကြောင်းသိရသည်။

အဆိုပါ အနန္တဇိနလောကချမ်းသာစေတီတော်ကို အတွင်းလှိုင် (၁၅ ပေ)ပတ်လည်အပါအဝင် ဉာဏ်တော်အမြင့် (၆၉ ပေ ၅ လက်မ)ရှိကာ စေတီတော်ရင်ပြင် အကျယ်ပေ ၁၀၀ ပတ်လည်ရှိ မည်ဖြစ်ကြောင်းသိရသည်။

သတင်း - လွိုင်လင်မိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)