MNP - ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ထားဝယ်မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လမ်းပန်းဆက် သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးကို အကျိုးပြုစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၁ - ၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ထားဝယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (မွမ်းမံရန်ပုံငွေ)ဖြင့် မဲချောင်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ (BoxCulvert) (၁၄’×၅’×၅’) (၁) စင်းနှင့် ကူးတို့ကျေးရွာ မြေသားရေကန်ပတ်လည်အား RC တိုင်ဖြင့် ချိန်းလင့်ကာရံ ခြင်း (၅၀၀'x၆’)၊ (နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ) ဖြင့် ရမ္မဇူကျေးရွာ အိမ်အရောက်ရေပိုက်သွယ်တန်း ခြင်း( ၂” Ø၉၀၀၀' )၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ဖြင့် မောင်မယ်ရှောင်ကျေးရွာ ရေဖြန့်ဝေ ပိုက်သွယ် တန်းခြင်း(၂” Ø၅၀၀၀')နှင့် ရေဝိုင်းကျေးရွာဂါလံ (၅၀၀၀) ဆံ့ ရေစုကန် တည်ဆောက်ခြင်း ( ၁၅’x ၁၀'x၆’)ဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းများအား နိုဝင်ဘာလမှစ၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းအားဖြင့် (၉၆%) ဆောင်ရွက်ပြီးစီး လျက်ရှိပါသည်။
ဆက်လက်၍ ၂၀၂၁ - ၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ငွေလုံးငွေရင်းအသုံးစရိတ်(မူလ) အသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကုန်ထုတ် တံတားလုပ်ငန်းများမှာ မဲချောင်းကျေးရွာကုန်ထုတ်လမ်းအပိုင်း(၂)ပေါ်ရှိ ကွန်ကရစ်တံတား(၂) စင်းအား N3 Co.,ltd မှ (၂၅'× ၁၄'x ၁၄’)ကို လည်းကောင်း၊ စောမိညို ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား(၁) စင်းအား SPG Co.,ltd မှ ( ၂၀’x ၁၄'x ၁၄’ ) ကိုလည်းကောင်း ဆောင်ရွက်လျက်ရှိရာ ယခုအခါရာ ခိုင်နှုန်းအားဖြင့် (၆၂%) ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရှိရသည်။
သတင်း - ရွှေပင်လယ်
https://t.me/MyanmarNationalPost
www.mnpnewsagency.com

No comments:
Post a Comment