(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသားလှေလှော်ပြိုင်ပွဲကို မုဒုံမြို့နယ်တွင် ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသားလှေလှော်ပြိုင်ပွဲကို မုဒုံမြို့နယ်တွင် ကျင်းပမည်

 


MNP - ဖေဖော်ဝါရီ    ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  အချုပ်အခြာအာဏာပိုင်သော နေ့ထူးနေ့မြတ်အဖြစ် သတိရအမှတ်ရစေပြီး တန်ဖိုးထားထိန်းသိမ်း ကာကွယ်တတ်စေရန် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အမျိုးသားလှေလှော်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြို့မ (၄)ရပ်ကွက် ကန်ကြီးစေတီတော် မင်္ဂလာကန်တော်ရှိ ရေဇရပ်၌ အစည်းအဝေးပြုလုပ်သည်။

ရှေးဦးစွာ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီး စေတီတော် သြဝါဒစရိယ ဆရာတော်ကြီးနှင့် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။  ထို့နောက် မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြိုင်ပွဲကြိုတင် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပြိုင်ပွဲ ဆုပေးပွဲချီးမြှင့်မည့် အကြောင်းအရာများတို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲဒိုင်အဖွဲ့ချုပ် ဦးထိန်ဝင်းက ဒိုင်အဖွဲ့များကို (၅)ဖွဲ့ခွဲ၍ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဒိုင်အဖွဲ့များအနေဖြင့် မှန်ကန်တိကျမှုရှိပြီး ဘက်လိုက်မှုမဖြစ်ပေါ်စေရေး နှင့် လှေပြိုင်ပွဲပတ်သက်သည့် စည်းမျဉ်းစည်းကမ်းချက်များတို့ကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ပြိုင်ပွဲဝင် မြို့နယ်ကိုယ်စားပြုအသင်းများမှ သိရှိလိုသည်များကို မေးမြန်း ရာ သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါပြိုင်ပွဲကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ အသင်း(၁၀)သင်းတို့က ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ နှစ်ရက်ကြာ ယှဉ်ပြိုင်လှော်ခတ်သွားမည်ဖြစ် ကြောင်း၊ ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၅ သိန်း၊ စတုတ္ထဆု ၂ သိန်းနှင့် နှစ်သိမ့်ဆု ၅ သောင်း (၆)ဆုတို့ကို  အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)