MNP ၊ ဖေဖော်ဝါရီ
ဖျာပုံမြို့ပေါ်တွင် ဖေဖော်ဝါရီလ (၁)ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည် တပ်မတော်ထောက်ခံပွဲအား ကျင်းပခဲ့ရာ ဖျာပုံမြို့မှ နီပိန်း အကြမ်းဖက်ပါတီဝင် တစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် အသုဘကျင်းပနေတာလား အပါအဝင် တပ်မတော်ထောက်ခံသူများကို လှောင်ပြောင်သရော် ရေးသားခဲ့သည့်အပေါ် ဖမ်းဆီးထားရမှ ငွေကြေးရယူ၍ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပါဝင်သူတစ်ဦးက "လုပ်စားသင့် မစားသင့် မစဉ်းစားကြတာ တော်တော်ဆိုးပါတယ်။ ဒီနေ့နေ့လည်ပိုင်းကပဲ ခံဝန်နဲ့ လွှတ်ပေးလိုက်တယ်လို့ ကြားတယ်။ အပြစ်ကျူးလွန်ထားသူ တစ်ဦးကို အဲဒီလို လွှတ်ပေးလို့ရလား။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာဆီယံအထူးကိုယ်စားလှယ်က ဒေါ်စုနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုဖူးတယ်လေ။ ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဖူးတယ်။ အပြစ်ကျူးလွန်ထားသူတစ်ဦးကို လာရောက်တွေ့ဆုံခွင့်တောင်းတိုင်း တွေ့ခွင့်ပေးတဲ့နိုင်ငံရှိလားဆိုတဲ့ သဘောမျိုး ပြောခဲ့ဖူးတယ်။ ဖျာပုံမြို့နယ်မှာက နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ အညီ လုပ်နေတာ မဟုတ်ဘဲ သူတို့ပါးစပ်ထဲမှာ ရှိတဲ့ ဥပဒေနဲ့ လုပ်နေသလား။ ဒီကိစ္စကို တိုင်ကြားဖို့ စီစဉ်သွားမှာပါ" ဟု ပြောသည်။
Zue Zue ဆိုသူ က လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်ထောက်ခံပွဲ ဓာတ်ပုံအား အသုံးပြု၍ အိပ်ချင်တဲ့မျက်လုံးတောင် ကြောင်သွားတယ် ဟုလည်းကောင်း၊ ရွာတွေလို စိုင်းနဲ့ချတာ အသေလှအောင် အကုသိုလ် ဟုလည်းကောင်း၊ အသုဘချနေကျတာလား ဟုလည်းကောင်း၊ သိဖို့ မနိုင်တာကို လက်နက်နဲ့ဖိအားပေး အကြမ်းဖက်မှုတွေ ဟုလည်းကောင်း ရေးသားဖြန့်ဝေမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ Zue Zue ဆိုသူသည် ဖျာပုံမြို့ပေါ် ငွေကြေးတတ်နိုင်သည့် မိသားစုအသိုင်းအဝိုင်းမှဖြစ်ပြီး လာမည့် (၁၀) ရက်နေ့ မင်္ဂလာဆောင်ရန် ရှိကြောင်း တပ်မတော်ထောက်ခံပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက "ဒီကလေးမက ၁၀ ရက်နေ့ မင်္ဂလာဆောင် ရှိတယ်လို့ ပြောတယ်။ အပြစ်သားကို မင်္ဂလာဆောင်ဖို့ လွှတ်ပေးတာတော့ တစ်သက်မှာ တစ်ခါပဲ ကြားဖူးသေးတယ်။" ဟု ပြောသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com








No comments:
Post a Comment