MNP ၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် လူမဆန်သည့် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိရာ အပြစ်မဲ့ ဒေသခံများ နေအိမ်များမီးလောင်ပျက်စီးပြီး မိသားစုဝင်များလည်း သေဆုံးခဲ့ရသည်။ အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွါ တိမ်းရှောင်နေရသည့် မိသားစုဝင်များလည်း ရှိနေသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NLD အစွန်းရောက် PDF အကြမ်းဖက် နှိမ်နင်းမှုအခြေအနေများနှင့် ပတ်သက်၍ ဒေသခံများထံမှ ဆက်သွယ်ပြောကြားချက်အရ "အခုနောက်ပိုင်းမှာတော့ သတင်းပေးတိုင်ကြားရင် အရေးတယူ ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်လည်း အဓိက ပါပါတယ်။ ကန့်ဘလူမြို့ပေါ်မှာ ဆိုရင် တန့်ဆည်ကနေ တိမ်းရှောင်လာတဲ့ PDF အကြမ်းဖက်သမားနဲ့ ဆက်စပ်ပြီး ဖမ်းဆီးလိုက်နိုင်တယ်။ PDF တွေက မီးရှို့ဖျက်ဆီးလို့ အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးပြီး ထွက်ပြေးနေကြရသူတွေ၊ မိသားစုဝင်တွေ အသတ်ခံခဲ့ရတဲ့သူတွေက ဒေသတည်ငြိမ်ရေးအတွက် ပြည်သူ့စစ်တွေဖွဲ့တော့ ပူးပေါင်းပါဝင်ကြတာတွေ ရှိတယ်။ အားလုံးတော့ မဟုတ်ဘူး။ အခု နယ်မြေအေးချမ်းရေးမှာ သူတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြတယ်။ PDF စခန်းတွေကို ဖော်ထုတ် ဖယ်ရှားနိုင်တာလည်း ရှိပါတယ်။ PDF ခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ခဲ့တာလည်း ရှိပါတယ်။" ဟု ပြောသည်။
တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ဘုန်းကြီးများက အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ မုခွကျေးရွာမှ ဘုန်းကြီးက PDF များကို လက်နက်ဝယ်ပေးနိုင်ရန် တစ်အိမ်ထောင်ကို ၅၀၀၀၀ ထည့်ရမည့်ဟု လှုံ့ဆော်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းသေကြီးအတွင်းတွင် NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများ၏ ယုတ်မာရက်စက်မှုများကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ဆရာတော်သံဃာတော်၊ ဆရာ/ ဆရာမ၊ အပြစ်မဲ့ ပြည်သူများ အများဆုံး အသတ်ခံရသည့် ဒေသဖြစ်ခဲ့သည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment