ပေါက်တောမြို့၌ မြို့နယ်သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့၌ မြို့နယ်သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းအခမ်းအနားကျင်းပ

 







MNP - ဖေဖော်ဝါရီ     ၁၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ပွဲကို ပေါက်တောမြို့ မြို့နယ်ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနား၌ နိုင်ငံတော် သံဃာ့ဝန်ဆောင်ဆရာတော်၊ ပြည်နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ ကြွရောက်ကြပြီး၊ ပြည်နယ်သံဃာ့နာယကအတွင်းရေးမှူး ဆရာတော်မှ  အခမ်းအနားအစီအစဉ်ကို ဖတ်ကြားကာ သံဃာတော် အရှင်သူမြတ်များ နှင့် လူပရိသတ်များက "နမော တဿ" သုံးကြိမ်ရွတ်ဆိုကြလျက် အခမ်းအနားစတင်ဖွင့်လှစ်ကြသည်။ ဆက်လက်၍ သဘာပတိဆရာတော်ကြီးမှ ဩဝါဒက ထာ မြွက်ကြားချီးမြှင့်ပေးခြင်း၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျာ်ဝင်းမှ သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားကြပြီး၊ သဘာပတိ  ဆရာတော်ကြီးက အနားယူမည့် ဆရာတော်များ၊ အစားထိုး ရွေးချယ်ခံရသောဆရာတော်များ၏ဘွဲ့အမည်များကို မြို့နယ်သံဃာ့ဝန်ဆောင် အဖွဲ့သို့ တင်သွင်းပြီး သာဓု(၃)ကြိမ်ခေါ်ဆို၍ အတည်ပြုပေးရန်နှင့် သံဃာ့နာယကအဖွဲ့၏လုပ်ထုံး လုပ်နည်းအပိုဒ်များကို ရှင်းလင်းလျှောက်ထားကြသည်။ ယင်းသို့ရွေးချယ်ကြရာ၌ လက်ရှိမြို့နယ် သံဃာ့ဝန်ဆောင် ဥက္ကဋ္ဌ မနော်သီရိဆရာတော် ဦးဝဏ္ဏဓဇ ဆရာတော်မှ ပြန်လည်ရွေးချယ်ခံရခြင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် လက်ရှိ အုန်းတောချောင်း ဆရာတော် ဦးဝဏ္ဏ  ဆရာတော်မှရွေးချယ်ခံရခြင်း၊ လက်ရှိ အကျိုးတော်ဆောင်ဆရာတော် ဘဝမ်းကျောင်းဆရာတော် ဦးအဂ္ဂမဉ္ဇူနှင့် အဖွဲ့ဝင် ဆရာတော်(၈)ပါး တို့ကို ရွေးချယ်တင်မြှောက်ကြသည်။ ရွေးချယ်တင်မြှောက်ပြီး ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။ မြို့နယ်သံဃာ့နာယက ပြန်လည် ရွေးချယ်ခြင်းသို့ ပြည်နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကြီး(၆)ပါး၊ မြို့နယ်သံဃာ့နာယကဆရာတော်များနှင့် မြို့နယ်အတွင်းရှိ ဆရာတော်သံဃာ‌တော် (၇၃)ပါး တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ကျော်သန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)