မောင်တောမြို့၌ သတ္တမအသုတ် ၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ သတ္တမအသုတ် ၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေး


  

MNP ၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြည်သူများအား သတ္တမအသုတ် ၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေး Covaxin ထိုးနှံပေးပေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်  နံနက် ၉ နာရီ အချိန် သတ်မှတ်စုရပ်နေရာများ တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင်  မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်း များက ကာ ကွယ် ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့်အနား ယူစေသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  သတ္တမအသုတ် ၊ ပထမအကြိမ်အဖြစ် အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၃၁၂ ဦး ၊ မှီခိုသူ ၃၅၈ ဦး စုစုပေါင်း ၆၇၀ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ထိုးနှံပေးခဲ့ပြီး ကျန်ရှိ သူများကိုလည်း ဆက် လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရ သည်။ 


သတင်း - သက်လွင်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)