ဟိုပန်၌ စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပပြုလုပ်


MNP - ဖေဖော်ဝါရီ    ၂

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ဟိုပန်မြို့ရှိ ကျောက်တိုင်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ဆွမ်းဆန်တော်များ ဆက်ကပ်လောင်းလှူမည့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများအား လိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်း၊ ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ဟိုပန်မြို့ရှိ ဒေသခံပြည်သူများက ဟိုပန်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်အပါး(၅၀)နှင့် သီလရှင်စာသင်တိုက်ရှိ သီလရှင်အပါး (၂၀) တို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထု၊ ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

ထို့နောက်  ဆွမ်းဆန်တော်လောင်းလှူပွဲအပြီးတွင် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပပြုလုပ်ရာ ဟိုပန်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းကာ ဧည့်ပရိသတ်များအား ကြာဇံဟင်းခါး ၊ "ဝ"ဆန်ပြုတ်စသည့် စတုဒီတအာဟာရများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)