လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 





MNP - ဖေဖော်ဝါရီ    ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ နိုဝင်ဘာလ)အထိ လှိုင်းဘွဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော (ဂ)ရပ်ကွက်၊ ရွှေတဆုပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဒေါ်လဲ့လဲ့မွန်မှ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် အခြေချနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော်၊ လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် တာဝန်ရှိသူများတို့က ကွန်ကရစ်လမ်းသစ်အား အမွှေးနံ့သာများပက်ဖျန်းကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၁၉.၆)သန်းဖြင့် အလျား(၇၂၀)ပေ၊ အနံ(၁၂)ပေ၊ ထု(၆)လက်မရှိပြီး မြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူ၍ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)