တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေး ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်း (၂၂)နှစ်မြောက် နှစ်ပတ်လည်သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားနှင့် ပိုစတာပြပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေး ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်း (၂၂)နှစ်မြောက် နှစ်ပတ်လည်သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားနှင့် ပိုစတာပြပွဲသို့ တက်ရောက်


MNP - ဖေဖော်ဝါရီ    ၂၂

(၂၂)နှစ်မြောက် ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်း နှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားနှင့် ပိုစတာပြပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက စာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ဥပဒေရေးဆွဲခြင်းအနုပညာအကြောင်းအား ရှင်းလင်းပြောကြားပြီး ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက  တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ တက်ရောက်သော ဧည့်သည်တော်များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက  ဘာသာရပ်အသီးသီးက ပြသထားသော ပိုစတာအား ကြည့်ရှုအားပေးခဲ့ကြပြီး ဘာသာအသီသီးမှ သုတေသနစာတမ်းများကို သက်ဆိုင်ရာ ခန်းမများတွင်  တာဝန်ရှိသူများက ဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)