မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



MNP -  ဖေဖော်ဝါရီ    ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါလျော့နည်း ကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သောSputnik light ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အဆိုပါ Sputnik light ကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ထောက်ကြန့် ကိုဗစ်စင်တာတို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူစုစုပေါင်း(၇၉၃)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံမှထုတ်လုပ်သော Sputnik light ကာကွယ်ဆေးကိုရပ်ကွက်၊ ကျေးရွာများအလိုက် နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်၍ ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသူများသည် မိမိတို့ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - သန္တာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)