ရွှေကူမြို့ရှိ လူမှုကူညီရေးအသင်းများသို့ အလှူငွေများ လှူဒါန်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကူမြို့ရှိ လူမှုကူညီရေးအသင်းများသို့ အလှူငွေများ လှူဒါန်းပေးအပ်


MNP - ဖေဖော်ဝါရီ     ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရေးမှူး ရုံးခန်းအတွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရွှေကူမြို့နယ်အတွင်းရှိ လူမှုရေးအသင်းများသို့ ကားဆီဖိုးအလှူငွေ သိန်း (၂၀)ကျပ်အား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ လဆန်းပိုင်းတွင် ကူးစက်ပျံ့ပွားမှု လျော့နည်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ ပြန်လည်စတင် ကူးစက်ခဲ့မှုများ‌ တွေ့ရှိခဲ့သည်။ ထိုသို့ ရောဂါကူးစက်ခံရသူများ၊ ရောဂါကူးစက်သူများနှင့် ထိတွေ့လူနာများ ဆေးကုသမှု ခံယူနိုင်ရန်အတွက် ဆေးရုံနှင့် positive Centre ၊ Quarantine Centre များသို့ မြို့နယ်လုံးဆိုင်ရာ နာမှုကူညီရေးအသင်းနှင့် ငြိမ်းအေးချမ်းသာ လူမှုကူညီရေးအသင်းများမှ စေတနာ့ဝန်ထမ်းများက ကားဖြင့် ကြိုပို့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လိုအပ်လျက်ရှိသော ကားဆီဝယ်ယူနိုင်ရန်အတွက် မြိုနယ်ကိုဗစ်-၁၉‌ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီရန်ပုံငွေများထဲမှ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက မြို့နယ်လုံးဆိုင်ရာ နာမှုကူညီရေးအသင်းနှင့် ငြိမ်းအေးချမ်းသာ လူမှုကူညီရေးအသင်းတို့ကို တစ်သင်းလျှင် ငွေသိန်း (၁ဝ)ကျပ်စီ ပေးအပ်လှူဒါန်းကာ သက်ဆိုင်ရာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြကြောင်း မြိုနယ်ကိုဗစ်-၁၉‌ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)