ဧရာဝတီမြစ်အတွင်း ရပ်နားထားသည့် သဲကျောက်တင်ဆောင်သည့် သင်္ဘောပေါ်သို့ ဒီဇယ်ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီမြစ်အတွင်း ရပ်နားထားသည့် သဲကျောက်တင်ဆောင်သည့် သင်္ဘောပေါ်သို့ ဒီဇယ်ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား

 



MNP - ဖေဖော်ဝါရီ    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ် (၅)ရပ်ကွက် ဧရာဝတီမြစ် အလယ်ခန့်တွင် ရပ်နားထားသည့် သဲကျောက်တင်ဆောင်သည့် သင်္ဘောပေါ်သို့ ဒီဇယ်ဆီ ဖြည့်နေစဉ် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဓါတ်ဆီ ဟွန်ဒါအပေါ့စားစက် ဆီယိုဖိတ်၍ အပူလွန်ကဲပြီး ဆီဖြည့်သည့် မော်တော် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီမြစ်အတွင်း ကျောက်ချရပ်နားထားသောသဲကျောက် တင်သည့် သင်္ဘောပေါ်သို့ စန်းလွင် (စက်လှေမောင်း)မောင်းနှင်သော ဒီဇယ်ပေပါ(၁၀) လုံးတင်ဆောင် ထားသော အလျား(၃၆) ပေ ၊ အနံ(၆)ပေ သံကိုယ်ထည် ရေစမ်း ပဲ့ထောင်ပေါ်မှ  Honda 6.5  အင်ဂျင်တပ် ဓါတ်ဆီစက်ဖြင့်ပေပါအတွင်းမှ သင်္ဘောပေါ်သို့ဒီဇယ်ဆီဖြည့်တင်း နေစဉ်  ဓါတ်ဆီဟွန်ဒါ အပေါ့စားစက် ဆီယိုဖိတ်၍ အပူလွန်ကဲပြီး မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ရာ အနီးရှိရေလုပ်သားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၁ နာရီ ၄၀  မိနစ် ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဒီဇယ်(၅)ဂါလန်၊ Honda 6.5 ဓါတ်ဆီစက်(၁)လုံး အရှည်(၈)ပေခန့် ဆီဖြည့်ပိုက်တစ်ချောင်း ပျက်စီးဆုံးရှုံးခဲ့ပြီး သင်္ဘောလုပ်သား(စက်ဆရာ) ထွန်းထွန်း၏ ဝဲယာလက်များ ၊ရင်ဘတ် ၊ နောက်ကျော၊ ဝဲဘက်ခြေထောက်ပေါင်၊ မျက်နှာတို့တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် လောင်စာဆီအားပေါ့ဆစွာ အသုံးပြုခဲ့သည့် စန်းလွင် (စက်လှေမောင်း) အား မြန်အောင်မြို့မရဲစခန်း (ပ)၂၀/၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ /၃၃၇ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

သတင်း - ဝင်းဗိုလ် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)