MNP ၊ ဖေဖော်ဝါရီ ၁၀
ယူကရိန်းနယ်စပ်မှာ ရုရှား စစ်တပ်တွေ တပ်ဖြန့်ချထားမှုကြောင့် အီးယူနဲ့ ရုရှားနိုင်ငံတို့ကြား စစ်ရေးတင်းမာမှုတွေ ဖြစ်နေရာ ရုရှားနိုင်ငံဖက်မှ ရောင်းချပို့လွှတ်နေသော ဓာတ်ငွေ့ရောက်ရှိမှု နှောင့်နှေးသွားသဖြင့် ဂျာမဏီနိုင်ငံ၏ ဓာတ်ငွေ့သိုလှောင်ကန်များမှာ ဓာတ်ငွေ့လျှော့ကျ ကျဆင်းလာရာ ယခုအချိန်တွင် စိုးရိမ်ရတဲ့ အဆင့်ကိုရောက်လာပြီ ဟု အစိုးရပိုင်းက ဝန်ခံလိုက်ပါတယ်။
ဂျာမဏီရာသီဥတုနဲ့ စီးပွားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဓာတ်ငွေ့ပေးဝေမှု ကို ထိန်းချုပ်ရပြီဖြစ်ကြောင်းနဲ့ စိုးရိမ်ရတဲ့ အခြေအနေရှိနေပြီဖြစ်ကြောင်း ဆိုလိုက်ပါတယ်။
ဂျာမဏီတစ်နိုင်ငံလုံးမှာရှိတဲ့ သိုလှောင်ကန်တွေမှာ ဂတ်စ် သိုလှောင်မှု၄၀% အထိလျှော့ကျသွားပြီဖြစ်ပါတယ်။ ဂျာမဏီ တစ်နိုင်ငံလုံးသုံးနေတဲ့ ဂတ်စ် ၅၅% က ရုရှားက ရောင်းချပေးနေတာပါ။ ဘောလ်တစ် ပင်လယ်ကိုဖြတ်ပြီး ဂတ်စ်ပို့နေတဲ့ နော့ဒ်စထရင် ၂ ပိုက်လိုင်းက လက်ရှိ ခြိမ်းခြောက်ခံနေရတဲ့ အတွက် ဂတ်စ်ပို့လွှတ်မှု ဆိုင်းငံ့ထားပါတယ်။
အခြေအနေအရ ၁၅% ကိုပဲ ပေးနိုင်တဲ့အတွက် ဂျာမဏီ စွမ်းအင် အကျတ်အတည်း ဖြစ်လာ နိုင်စရာ ရှိနေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဂျာမဏီ အဓိပတိ အိုလက်ဖ်ရှိုးဇ်ကတော့ အမေရိကားက နေ အကူအညီတွေ ရလာနိုင်စရာရှိတဲ့ အတွက် အဲ့ဒိအကျတ်အတည်း ကို စိတ်မပူကြဖို့ ဆိုထားပါတယ်။
ဘာလင်က စီးပွားရေးပညာရှင် တစ်ဦးကတော့ “ ကျနော်တို့ ရုရှားတွေ ဆီကနေ ဂတ်စ်တွေမရရင် စွမ်းအင် အကျတ်အတည်းဖြစ်ပြီး ဈေးတွေခေါင်ခိုက် လာလိမ့်မယ် ၊ တိုင်းပြည်စီးပွားရေးပါ ထိခိုက်သွားနိုင်တယ်’ လို့ ဆိုထားပါတယ်။
မောင်ယဿ
REF: euronews Photo : euronews
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment