MNP - ဖေဖော်ဝါရီ ၁၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသားသရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့တွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူဆရာ၊ ဆရာမများ စိတ်လက်အပန်းပြေစေရေးနှင့် ဗဟုသုတရရှိစေရေးအတွက် ဖေဖော်ဝါရီ ၁၀ရက် နံနက်ပိုင်းက အဖွဲ့နှစ်ဖွဲ့ခွဲ၍ တပ်ကုန်းမြို့နယ်အတွင်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်လေ့လာ ခဲ့ကြသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူ ဆရာ၊ ဆရာမ စုစုပေါင်း (၁၂၀၀)ကျော်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ စိန်ရတုပြတိုက်အတွင်းရှိ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော တူရိယာပစ္စည်းများ၊ အရုပ်၊ အသံရိုက်ကူးထုတ်လွှင့်သည့် ပစ္စည်းများကြည့်ရှုလေ့လာစေခဲ့ပြီး Auditorium ခန်းမတွင် အဉ္စလီအငြိမ့်ဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment