မတ္တရာမြို့နယ်၌ သံဃာ့ဝန်ဆောင်အစည်းအဝေးနှင့် မြို့နယ်သံဃနာယအဖွဲ့ အနားယူအစားထိုးခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ်၌ သံဃာ့ဝန်ဆောင်အစည်းအဝေးနှင့် မြို့နယ်သံဃနာယအဖွဲ့ အနားယူအစားထိုးခြင်းအခမ်းအနားကျင်းပ

 





MNP - ဖေဖော်ဝါရီ     ၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် သံဃာ့ဝန်ဆောင်အစည်းအဝေးနှင့် မြို့နယ် သံဃနာယအဖွဲ့ အနားယူ၊ အစားထိုးခြင်း အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက မတ္တရာမြို့ အောင်ကံသာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးဆရာတော် ဦးဓမ္မဓဇ(တိုင်းအဖွဲ့ဝင်) ဒီပဲယင်း ကျောင်း တိုက်(မန္တလေး)မှ အစည်းအဝေးသို့ကြွရောက် တော်မူလာကြသော မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက် ထားပြီး အစည်းအဝေးအထမြောက် အောင်မြင်ကြောင်း ကြေညာခဲ့သည်။ ဆက်လက်၍ အစည်းအဝေး သဘာပတိဆရာတော် ဦးဝိသုတ(တိုင်းအဖွဲ့ဝင်) ထန်းတော ကျောင်းတိုက်(မတ္တရာ)မှ ဩဝါဒကထာ မြွက်ကြားခဲ့သည်။ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ဆက်လက်၍ အခမ်းအနားမှူးဆရာတော်မှ အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ဘွဲ့အမည်စာရင်းကို ကြေညာခဲ့ပြီး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် မူလသတ်မှတ် ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ ဝန်ဆောင် ဆရာတော်များကို ဖိတ်ခေါ်တင်သွင်းစေပြီး အဆိုကို ထောက်ခံမည့် မြို့နယ်သံဃာဝန်ဆောင် ဆရာတော်များကို ဖိတ်ခေါ်ထောက်ခံစေခဲ့သည်။ ထို့နောက် သဘာပတိဆရာတော်က အစားထိုး  ရွေးချယ်ခံရသည့် မြို့နယ်သံဃနာယက ဆရာတော်၏ ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓု(၃)ကြိမ်ခေါ်ဆို၍ အတည်ပြုခဲ့ပြီး သံဃာ့အဖွဲ့အစည်း လုပ်ထုံး လုပ်နည်းအပိုဒ်(၃၅၊ ၉၇၊ ၂၀၉)များကို ရှင်းလင်းလျှောက်ထားခဲ့သည်။ ထို့နောက် သဘာပတိဆရာတော်မှ နိဂုံးချုပ် ဩဝါဒကထာမြွက်ကြားခဲ့ပြီး မြို့နယ်သံဃာနာယကအဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - စိုးကျော်သူထွေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)