ပြည်သူကို အရင်းတည်၍ လုပ်စားနေကြသူများ (အိတ်ဖွင့်ပေးစာ) - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူကို အရင်းတည်၍ လုပ်စားနေကြသူများ (အိတ်ဖွင့်ပေးစာ)


မြန်မာနေရှင်နယ်ပို့စ်က ရေးတင်တဲ့ ဖျာပုံမြို့နယ်သတင်းတစ်ပုဒ်နဲ့ ဆက်စပ်ပြီး ဖော်ထုတ်ချင်စရာလေးတွေ ရှိလာလို့ပါ။ ဒီအချိန်မှာ ဘယ်သူ့ကို တင်ပြလို့ တင်ပြရမှန်းလည်း မသိတော့ပါဘူး။ တင်ပြရင်လည်း တင်ပြတာပဲ ရှိပြီး ဘာမှအရေးတယူ မရှိတဲ့ခေတ်။ ငွေနဲ့ရွေးရင်း ရတဲ့ခေတ်၊ ဥပဒေဆိုတာ လူကြားကောင်းအောင် အသံကောင်းဟစ်ပြီး အော်တဲ့ခေတ်၊ ခေတ်ဆုတ် ကနေ ခေတ်ပျက် ဖြစ်သွားလေသလားလို့ပါဗျာ။

ကျွန်တော်ဖျာပုံမြို့နယ်ထဲက ပြည်သူတစ်ဦးပါ။ အစွန်းရောက် အကြမ်းဖက်ပါတီ NLD ကို ဘယ်တုန်းကမှ အားမပေးခဲ့ဘူး။ တပ်မတော်ထောက်ခံပွဲ ကိုယ့်စားရိတ်နဲ့ ကိုယ်လိုက်ခဲ့တယ်။ တပ်မတော်ကို ထောက်ခံတာဟာ တပ်မတော်အရာရှိတွေ ဥပဒေအလွဲသုံးစား လုပ်ပြီး ငွေတောင်းစားဖို့ ထောက်ခံတာ မဟုတ်ဘူး။ အမျိုးသားရေးအသိနဲ့ ထောက်ခံတာ။ တပ်မတော်အရာရှိတွေက ပြည်သူတွေရဲ့ ထောက်ခံမှုကိုတော့ ယူချင်တယ်။ တစ်ဖက်မှာကြတော့ နီပိန်း အကြမ်းဖက်ဝါဒီတွေဆီက လက်ဖြန့်ခံတောင်းစားပြီး ကြီးပွားချမ်းသာအောင် လုပ်နေမယ်ဆိုရင် ကျုပ်တို့က အသက်နဲ့ရင်းပြီး ထောက်ခံနေစရာ မလိုဘူး။ တပ်မတော်အရာရှိများ လက်ထဲမှာ လက်နက်ရှိတယ်။ နီပိန်း အကြမ်းဖက်ဝါဒီတွေ လက်ထဲမှာ ငွေရော လက်နက်ရောရှိတယ်။ မိုက်လွန်းလို့သာ ကျွန်တော်တို့ဟာ တပ်မတော်ထောက်ခံပွဲတွေ လိုက်လုပ်နေတာ။ ကျွန်တော်တို့ လက်ထဲမှာ ဘာမှ မရှိဘူး။

လိုရင်းကို ပြောလိုက်မယ်ဗျာ။ ဖျာပုံမြို့နယ်ထဲမှာ နီပိန်း အကြမ်းဖက်ဝါဒီ ခေါင်းကြီးတွေ ဘယ်သူမှ အဖမ်းမခံရဘူး။ အုပ်ချုပ်ရေးမှူးတွေလည်း သနားဖို့ကောင်းတယ်။ သတင်းပေးပါဆိုလို့ သတင်းပေးတယ်။ သတင်းပေးတော့ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီက တပ်မတော်အရာရှိက ခေါ်တွေ့၊ တရားဟော၊ နီပိန်းအကြမ်းဖက်သမားက ကန်တော့လိုက်ရင်ကိစ္စပျက်သွားရော။ မြို့နယ်အတွင်းမှာ ရှိတဲ့ ရွာတိုင်းလိုလိုမှာ အဲဒီလိုဖြစ်နေတယ်။ ကြာလာတော့ နီပိန်းခေါင်းကြီးတွေနဲ့ တပ်မတော်အရာရှိက ပလဲနံပသင့်လို့။ ဗိုလ်မှူးနဲ့ ပိုင်တော့ ရွာလူကြီး လီးထင်တယ် ဖြစ်လာတာပေါ့ဗျာ။ မရိုသေစကား ပါရင်လည်း ခွင့်လွှတ်ပါဗျာ။

ဖျာပုံမြို့နယ်အတွင်း နီပိန်းအကြမ်းဖက်လှုပ်ရှားမှု ဖမ်းဆီးခံထားရတဲ့သူစာရင်း သွားကြည့်လိုက်ပါ။ မပေးနိုင် မကမ်းနိုင်လို့ ကျန်နေတဲ့ ငမျောက်ငခြောက်ပဲ ရှိတယ်။ ခေါင်းကြီးပိုင်းတွေအားလုံးက ပေးကမ်းပြီး လွတ်ကုန်ကြပါပြီ။ နီပိန်းအကြမ်းဖက် တစခန်းထတဲ့ခေတ်ပျက်ကြီးမှာ အမှုပွဲစားနဲ့ ဗိုလ်မှူးတွေ ကောင်းစားတယ်။

ညဘက်ဆိုရင် နီပိန်းတွေဟာ ဘာတွေ အပေးအယူလုပ်ကြသလဲတော့ စဉ်းစားကြည့်ကြတော့။ ဗိုလ်မှူးနဲ့တွေ့ဖို့ တန်းစီစောင့်နေကြသတဲ့။ ပြည်သူတွေဘဝဟာ တွေးလေ တွေးလေ အသည်းနာဖို့ ကောင်းလေပါလား။ နီပိန်းလေးတွေဟာလည်း သူတို့ကိုယ်သူတို့တော့ သူရဲကောင်းကြီးတွေ ထင်နေကြတာပဲ။ သူတို့ရဲ့ နီပိန်းခေါင်းဆောင်ကြီးတွေက ဗိုလ်မှူးနဲ့ အလုအယက်တွေ့ပြီး ဗိုလ်မှူးတွေကို ပျော်တော်ဆက်၊ လက်ဆောင်ပဏာဆက်၊ အခွင့်အရေးတွေတောင်း ပေးကမ်းပြီး လမ်းဖောက်နေကြတာ။ သူတို့လေးတွေကတော့ အချုပ်ထဲ၊ ထောင်ထဲမှာ။ အခုနောက်ပိုင်းတော့ နီပိန်းခေါင်းကြီးတွေက သူတို့လူတွေ တခုခုလုပ်မယ်ဆိုရင် "ငါ့ကြိုပြော ငါဗိုလ်မှူးနဲ့ ပိုင်တယ်" ဆိုတဲ့ စကားမျိုးတွေတောင် ကြားနေရပြီ။

ဆက်စပ်လို့ တခါတည်း ပြောလိုက်အုံးမယ်။ CRPH, NUG ဆိုတာတွေကို ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဖိုးလေးကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်ကျေးရွာမှာ လာဖွဲ့သွားတာ။ လက်ခံပြီး ဖွဲ့စည်းပေးလိုက်တဲ့ နီပိန်းအုပ်ချုပ်ရေးမှူး မပြုတ်ပါဘူး။ ပထမ ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူးတုန်းကလည်း ပေးကမ်းပြီး ဒီအတိုင်းပဲ၊ သူပြောင်းခါနီးတော့ နောက်လူနဲ့ မိတ်ဆက်ပေးခဲ့တယ်။ အဆင်ကို ပြေလို့ပါပဲဗျာ။ ဒီလို ကိုယ်ကျိုးရှာမယ့်သူတွေ အုပ်ချုပ်ခွင့်ရဖို့ ကျုပ်တို့က အသက်တွေ ရင်းနေကြရတာ။ ရင်နာဖို့ မကောင်းပေဘူးလားဗျာ။ မြန်မာနိုင်ငံတော်ကြီးမှာ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံတော် အဆင့်ဆင့် အဲဒီလို နည်းနဲ့ အုပ်ချုပ်လေသလားဗျာ။

ကိုယ်ကျင့်သိက္ခာစောင့်ထိန်း၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားလုပ်ဆောင်နေကြသော ပုဂ္ဂိုလ်များကိုတော့ အားနာပါရဲ့။ ကျုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ဘဝက အော်နိုင်ငံရေးဆိုတာ ဒီလိုပဲ လုပ်စားကြတာလား။ ဒီလိုပဲ လုပ်စားနေကြမှာ ဆိုရင်တော့ ဥပဒေလည်း ဘယ်တော့မှ စိုးမိုးနိုင်မှာ မဟုတ်ပါဘူး ဆိုတဲ့အကြောင်း အများပြည်သူသိစေချင်လွန်းလို့ပါဗျာ။


ပြည်သူတစ်ဦး

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)