တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်လစာငွေများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ အေးချမ်းစွာထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်လစာငွေများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ အေးချမ်းစွာထုတ်ပေးလျက်ရှိ

 


MNP - ဖေဖော်ဝါရီ     ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင် လစာငွေများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်၌လည်း ပင်စင်လာရောက်ထုတ်ယူသူများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ် တာဝန်ခံထံမှ သိရသည်။

 တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများသည် ဘဏ်သို့လာရောက်၍ အငြိမ်းစားလစာထုတ်ယူသူ နိုင်ငံဝန်ထမ်း (အငြိမ်းစား)များ၊ ဘဏ်နှင့်ပတ်သက်၍ လုပ်ငန်းလာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ဘဏ်သို့အဝင်တံခါးပေါက်ရှေ့တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေကွာထိုင်စေခြင်း၊ ရေနှင့် လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်တို့ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်စေခြင်းနှင့် (Mask) မပါရှိသူများအား (Mask)များ အခမဲ့ပေး၍ (Mask)တပ်ဆင်ပြီးမှသာ ရုံးအတွင်းသို့ ဝင်ရောက်စေခြင်း၊ ငွေသွင်း/ငွေထုတ် ကောင်တာသို့ အလှည့်ကျဝင်ရောက်စေခြင်း၊ ငွေသွင်း/ငွေထုတ်ပြုရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေခြားကာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ   ဆောင်ရွက်ပေးလျက်ရှိပြီး E – Pension ကတ်ကိုင်ဆောင်သူများအနေဖြင့် လကုန်ရက်အထိ ပင်စင် လစာ မထုတ်ယူနိုင်သူများအတွက် လကုန်ပြီးရက် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထုတ်ယူနိုင်ရေး မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း  သိရသည်။

 တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်နှင့် မြို့ပြပင်စင် လစာငွေထုတ်ယူသူ အငြိမ်းစားဝန်ထမ်းများကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးဖွင့်ရက်များတွင် ပုံမှန်ထုတ်ပေးလျက်ရှိပြီး လာရောက်ထုတ်ယူသူ အငြိမ်းစား ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်းများ လာရောက်လုပ်ဆောင်ကြသည့် ပြည်သူများ လုံခြုံမှုရှိစေ ရေးအတွက်လည်း တိုက်ကြီးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)