“တူယှဉ်နွှဲပျော်ဂီတပွဲတော်”တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုများထပ်မံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“တူယှဉ်နွှဲပျော်ဂီတပွဲတော်”တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုများထပ်မံပေးအပ်




MNP ၊ ဖေဖော်ဝါရီ ၂၅

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စား ပြုယာဉ် တတိယဆု၊ “တူယှဉ်နွှဲပျော်ဂီတပွဲတော်”တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တက်ရောက် လာကြသူများနှင့်အတူ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တတိယဆုရရှိခဲ့သည့် တိုင်းဒေသကြီး ကိုယ်စားပြုဂုဏ်ပြုယာဉ်များ၏ ဖျော်ဖြေတင်ဆက် မှုများ၊ “တူယှဉ်နွှဲပျော် ဂီတပွဲတော်”တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူ များ၏ ဖျော်ဖြေမှုများ၊ တိုင်းဒေသကြီးအဆင့် ပြခန်းများတွင် ဆုရရှိခဲ့သည့်ပြခန်းများ၏ မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုအားပေးကြသည်။


ထို့နောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် တတိယဆုရရှိခဲ့သည့် တိုင်းဒေသကြီးကိုယ်စားပြုဂုဏ်ပြုယာဉ်အသင်းနှင့် ဂုဏ်ပြုယာဉ်များနှင့်အတူ သွားရောက် ဖျော်ဖြေခဲ့သော တိုင်းဒေသကြီးကိုယ်စားပြုအကအဖွဲ့၊ “တူယှဉ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ဆုရရှိသူများနှင့် ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြခန်းများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့သည့်ပြခန်းမှ တာဝန်ရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)