“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

 


MNP - ဖေဖော်ဝါရီ    ၁၃

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က ဟိုပန်မြို့၊ မြို့နယ်အားကစားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဗိုလ်လုပွဲတွင် ဟိုပန်မြို့နယ်မှ U-21 အသင်းနှင့် ကွမ်းလုံမြို့နယ်မှ ဟိုလီနင်ဂျာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဟိုလီနင်ဂျာအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုပေးအပ်ပွဲ အခမ်းအနားပြုလုပ်ရာ အကောင်းဆုံးနောက်တန်းဆု၊ အလယ် တန်းဆု၊ ရှေ့တန်းဆု၊ ဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် ဘောလုံးပွဲကူညီ ဆောင်ရွက်ပေးသော ဒိုင်လူကြီးများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် U-21 အသင်းကို ငွေကျပ် (၇)သိန်း၊ ဆုဖလားနှင့်ဆွဲပြားများ၊ တတိယဆုရရှိသည့် ကချင်စတားအသင်းကို ငွေကျပ် (၅)သိန်း၊ ဆုဖလားနှင့်ဆွဲပြားများကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လည်းကောင်း၊ ပထမဆုရရှိသည့် ဟိုလီနင်ဂျာအသင်းကို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ငွေကျပ်ဆယ်သိန်း၊ ဆုဖလားနှင့်ဆွဲပြားများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ဟိုပန်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ လောက်ကိုင်မြို့နယ်နှင့် ချင်းရွှေဟော်မြို့တို့မှ ဘောလုံးအသင်း (၂၁)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - သိန်းအောင်   

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)