ဘီးလင်း (တောင်စွန်း)ကုန်ထုတ်စခန်းမှ အကျဉ်းသား ၅ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်း (တောင်စွန်း)ကုန်ထုတ်စခန်းမှ အကျဉ်းသား ၅ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိ


MNP - ဖေဖော်ဝါရီ    ၁၃

နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ အမိန့်အမှတ် ၊ ၁၅/၂၀၂၂ အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် အကျဉ်းသား (ကျား) ၅ ဦးလွတ်ပေးခြင်း အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့ နယ် တောင်စွန်းကျေးရွာ အကျဉ်းဦးစီးဌာန  (တောင်စွန်း) ကုန်ထုတ်စခန်း၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စခန်းတာဝန်ခံ ဦးဇော်ရဲအောင် က အမှာစကားပြောကြားပြီးနောက် လွတ်မြောက်အကျဉ်းသား ၅ဦးအား လုပ်အားရှင် အကျိုးခံစားခွင့် တစ်ဦးလျှင် ငွေကျပ် ၁၃၇၄၂၅ စီကို တစ်ဦးချင်း ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း၊ အဖွဲ့ဝင် ဗိုလ်မှုးနိုင်အောင်ထွန်းနှင့် ဦးအောင်ချိုဦး၊ တောင်စွန်း အကျဉ်းကုန်ထုတ်စခန်း စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှုး ဦးဇော်ရဲအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု့ဆောင်အရာရှိ ဦးသိန်းသန်းစိုး၊ တောင်စွန်းနယ်‌မြေ ရဲစခန်းမှုး ရဲအုပ်စန်းမောင်၊ တောင်စွန်းနယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဇော်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လွတ်မြောက်အကျဉ်းသား(ကျား) ၅ ဦးတို့တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း - ထူးနောင် 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)