ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေးနေ


MNP - ဖေဖော်ဝါရီ    ၁၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Covishield ထိုးနှံပြီးသည့် (၆)လ အထက်ရှိသူများ ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက် ၊ ယနေ့ နံနက်ပိုင်းက Booster Dose ကိုဗစ်ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီး ကြပ်မှုဖြင့် ကော်မတီ အဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရပြီး ယနေ့နံနက်ပိုင်းက ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများ စုစုပေါင်း ၇၀ ဦး ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးလာရောက် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)