သံဖြူဇရပ်မြို့နယ်၌ သံဃာတော်များ၊ သာသနာ့အနွယ်ဝင်သီလရှင်များနှင့် ပြည်သူများအားSputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၌ သံဃာတော်များ၊ သာသနာ့အနွယ်ဝင်သီလရှင်များနှင့် ပြည်သူများအားSputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး


MNP - ဖေဖော်ဝါရီ    ၁၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်ရောဂါကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များအား Sputnikကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးမှုကို ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့တော်ဦးပရိယတ္တိစာသင်တိုက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သံဃာတော်များနှင့် သာသနာ့အနွယ်ဝင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို တပ်မတော်ဆေးတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူများက ကာကွယ် ဆေးထိုးနှံနေမှုတွင် ကြီးကြပ်ဆောင်ရွက်ပေးသည်။ ထို့အတူ သံဖြူဇရပ်မြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး (၃)လနှင့် (၆)လပြည့်သူများအား အသက်သတ်မှတ်ချက် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို သတ်မှတ်ကာကွယ်ဆေးထိုး နေရာများ၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း၊    အဆိုပါ Sputnik Light ကာကွယ်ဆေးသည်  ရုရှားသမ္မတနိုင်ငံမှနှစ်နိုင်ငံချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းတို့မှ ရရှိထားခြင်းဖြစ်ကြောင်း၊  တစ်ကြိမ်သာထိုးနှံရန်လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်းကောင်းမွန်သည့်ကာကွယ်ဆေးဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်းမြင့်မားစွာ ရရှိစေနိုင် ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

သတင်း - အေးအေးမွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)