မြန်မာနိုင်ငံ ကြက်ခြေနီအသင်းခွဲမှ ရှေးဦး ပြုစုခြင်း( အခြေခံ)သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းခွဲမှ ရှေးဦး ပြုစုခြင်း( အခြေခံ)သင်တန်းဆင်းပွဲကျင်းပ







MNP ၊ ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ် သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ( ၁/၂၀၂၂)ကို ဖေဖော်ဝါရီ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၃)ရက်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့ ညနေ (၃)နာရီက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲ၌  မြို့နယ်အသင်းခွဲ နာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း နှင့် မြို့နယ်အသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင် တို့က အမှာစကား‌ပြော ကြားခဲ့သည်။ 

အဆိုပါ သင်တန်းသို့ သင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ကြသည်။ပေါင်မြို့နယ်အသင်းခွဲရုံးဆောက် လုပ်ရန်အတွက် အလှူငွေ (မတည်ငွေ)ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းမှ ငွေကျပ်သုံးသိန်း ၊ဦးကျော်မြင့်၊ဦးဝိ၊ဦးမြင့်အေးတို့က ငွေကျပ် တစ်သိန်းစီ စုစု ပေါင်းအလှူငွေ(၈)သိန်းကျပ် ပါဝင်လှူဒါန်းခဲ့သည်။ 

ထို့နောက် သင်တန်းသားများအား အသင်းခွဲဒုဥက္ကဌ ဒေါက်တာ မောင်မောင်လွင်က ကံစမ်းမဲဖေါက်၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ညနေစာ ထမင်းဟင်းနှင့် ဧည့်ခံခဲ့သည်။သင်တန်း အမှတ်စဉ်(၂/၂၀၂၂) ကိုလည်းမကြာမီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး တက်ရောက်လိုသူများ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးသို့ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)