ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး



MNP - ဖေဖော်ဝါရီ     ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။ 

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျရှိစေရန် ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

အဆိုပါ ပင်စင်ထုတ်ယူရာတွင် ရွာငံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားဝန်ထမ်း ၃၅၁ ဦးရှိပြီး ပင်စင်စာများ အဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ပြည့်ဖြိုးသန့် 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)