အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး


MNP - ဖေဖော်ဝါရီ     ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များသည် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟင်းငုတ်ပင် စစ်ဆေးရေးဂိတ်နှင့် မြို့အထွက်ရှိ အထွက်တိုးဂိတ်များ၌ ဖွင့်လှစ်ထားသည့် ကျန်းမာရေး စစ်ဆေးရေးဂိတ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင် ဗိုလ်မှူး မြင့်ဇော်၊ ခေတ္တရဲတပ်ဖွဲ့မှူး ဦးမင်းအောင်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ကြည့်ရှုစစ်ဆေးကာ ဂိတ်များအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ တာဝန်ကျ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်းသို့အခြားဒေသများမှ ဝင်ရောက်လာသည့် မော်တော်ယာဉ်များ စီးနင်းလိုက်ပါကြသည့် ခရီးသည် များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ အထူးဂရုပြုစစ်ဆေး ဆောင်ရွက်စေလိုကြောင်း၊ ဒေသခံပြည်သူများအား အပြင်ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများ တွေ့ရှိပါက ဒဏ်ငွေရိုက်ခြင်းများအား အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သတင်း - ခင်ခင်မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)