ဟင်္သာတမြို့နယ်လုံးဆိုင်ရာ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနပါလက စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်လုံးဆိုင်ရာ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနပါလက စာမေးပွဲကျင်းပ



MNP - ဖေဖော်ဝါရီ     ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ နာယက ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် “ပရိယတ္တိသာသနပါလက” စာမေးပွဲ ကို ဟင်္သာတမြို့ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်ကြီးအတွင်းရှိ ပိဋကာဝါသ သာသနာ့ဗိမာန် တော်ကြီးတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာမေးပွဲသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပထမငယ်တန်း (၆၁)ပါး၊ အခြေပြုမှုလတန်း (၉၆)ပါး၊ အခြေပြုမှုကြိုတန်း (၁၄၈)ပါး စုစုပေါင်း ၃၀၅ ပါးတို့က ဝင်ရောက် ဖြေဆိုခဲ့ကြပြီး စာမေးပွဲကို ၅ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုကို ခံယူကာ အုပ်ချုပ်ရေးဆရာတော်များ၊ အကျိုးတော်ဆောင် ဆရာတော်များ၊ စာစစ်ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ အဖြေလွှာလက်ခံ စိစစ်ရေးဆရာတော်များ၊ ကျောင်းတိုက်များမှ အကျိုးတော်ဆောင် ဂေါပကအဖွဲ့များ ပါဝင် ဖွဲ့စည်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးမှူး ဦးသိန်းဇော်ထံမှ သိရသည်။

သတင်း - ကိုဇော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)