နမ့်စန်မြို့မစည်ပင်သာယာဈေးတွင် ရှောင်တခင်စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသူ ၆၃ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့မစည်ပင်သာယာဈေးတွင် ရှောင်တခင်စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသူ ၆၃ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ     ၂၄

 ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများကို ရှောင်တခင်စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အမှတ်(၃) ရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ မြို့မ စည်ပင်သာယာဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြုလုပ်နေသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း ရှိ/မရှိ စစ်ဆေးမေးမြန်းခြင်း၊ ကာကွယ်ဆေး ထိုးပြီးစီးကြောင်းလက်မှတ်များ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာရေး အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးလုံးဝ မထိုးရသေးသူ စုစုပေါင်း (၆၃) ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)