ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီ အစည်းအဝေးကျင်းပ

 



MNP - ဖေဖော်ဝါရီ    ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ယခုဖြစ်ပွားနေသည့် ကူးစက်မြန် အိုမီခရွန်ရောဂါမှာ လက်ရှိအခြေအနေအရ FOURTH WAVE အဆင့်မဟုတ်ဟု သတ်မှတ်နိုင်ပါကြောင်း၊ ရောဂါကူးစက်ခံရသူများ ဆေးဝါးကုသ နိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံများတွင်လည်း သီးခြားအခန်း/ အဆောင်ဖွင့်လှစ်ရေး ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှုန်း မြင့်တက် သော်လည်း အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဝင်ရောက်လာသူများကြောင့် မိမိဒေသတွင်း မကူးစက်နိုင်စေရန် ဝင်ပေါက် များတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်သွားရန် လိုပါကြောင်း၊ Mask Campaign များဆောင်ရွက်ပြီး Mask မတပ်ဆင်သူများကို Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်သွားရန်လိုပါကြောင်း၊ မြို့နယ်များအလိုက် Positive Center, Quarantine Center ထားရှိရန်၊ လူနာများပြား၍ လုံလောက်မှုမရှိပါက တပ်နယ်မြေများတွင် ထားရှိနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်နိုင်ရေး အသံချဲ့စက်ဖြင့်အသိပညာပေး နှိုးဆော်မှုများကို မြို့၊ ရပ်ကွက်/ကျေးရွာ နယ်မြေအလိုက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နေ့စဉ် (၃)ကြိမ်ဆောင်ရွက် သွားရန်လိုပါကြောင်း၊ ပြည်သူမျာအနေဖြင့် မိမိရပ်ကွက်၊ မိမိလမ်း၊ မိမိအိမ် နီးနားအတွင်း ရောဂါဖြစ်ပွားသူများရှိပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့သို့ လျှို့ဝှက်သတင်းပေးပို့ကြရေး အသိပေးထားရန်လိုပါကြောင်း၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက ပိတ်သိမ်းရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့် THIRD WAVE အားနည်းချက်များအပေါ်အခြေခံ၍ စုဖွဲ့မှုများ ကြိုတင်စီမံထားရန် လိုပါကြောင်း၊ အောက်ဆီဂျင်အိုး၊ လူနာတင်ယာဉ်များအား ဆိုးရွားသောအခြေအနေတစ်ရပ်ကို ကြိုတင်မှန်းဆ၍ မျှော်တွေးစီမံ ဆောင်ရွက်ထားရန်နှင့် အရေးကြီးသော အဖွဲ့များဖြစ်သည့် EMEGENCY MEDICAL TRANSFER TEAM၊ CALL CENTER တို့ကို အသင့်စုဖွဲ့ထားရန်လိုပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ကုသရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ဇော်နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)