ဂွမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ပွဲကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၁၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ၊ မဏိသဉ္ဇဏဝေလာ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော် သံဃမဟာနာယက (အဖွဲ့ဝင်)မှ လယ်တီတောင်ပေါ် ကျောင်းတိုက်ဆရာတော် ဦးဉာဏ်ဝံသက သြဝါဒကထာမြွတ်ကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။

ဆက်လက်၍ အခမ်းအနားမှူး ဆရာတော်မှ အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်များကိုကြေညာခဲ့ပြီး ပြန်လည်ရွေးချယ်ရန် အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်း တင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များကို ဖိတ်ခေါ်ကာ သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃာ့နာယက ဆရာတော်ဘွဲ့ အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့တင်သွင်းပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သဘာပတိ ဘိုကလေး ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ဣန္ဒကမှ နိဂုံးချုပ် သြဝါဒကထာကို မြွက်ကြားခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ မြို့နယ် သံဃာ့နာယက အဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)