MNP - ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အောင်ဇေယျရပ်ကွက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ရုံးအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ယခုတည်ဆောက်လျက်ရှိသည့် အဆောက်အဦကို ပြည်တောင်စု အစိုးရခွင့်ပြုရန်ပုံငွေ (၁၁၆ဒဿမ၃) သန်းဖြင့် Top Light ကုမ္ပဏီက ၂၈.၅.၂၀၂၁ ရက်နေ့တွင် စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တည်ဆောက်မှုလုပ်ငန်းအနေဖြင့် (၇၅) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆောက်အဦမှာ(၄) ခန်းတွဲ (၃)ထပ် RC အမျိုးအစားဖြစ်ပြီး ရုံးခန်းအစည်းခန်းမနှင့် ဆေးကုသခန်းများပါဝင်ကြောင်း သိရှိရသည်။
သတင်း - အောင်စိုးဖေ
No comments:
Post a Comment