MNP - ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)မတပ်ဆင်သူများအား စစ်ဆေးအရေး ယူဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီချိန်က မြို့အဝင် စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်ဆေးအရေးယူဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့တွင်း ဖြတ်သန်းသွားလာနေကြသော ယာဉ်ကြီးယာဉ်ငယ် များ၊ လမ်းသွား လမ်းလာပြည်သူများ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက ဒဏ်ငွေ(၁၀၀၀) ကျပ်ပေးဆောင်စေ၍ နှာခေါင်း စည်း (၃) ခု ပေးကာစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်း ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်ကူ ဖြစ်စေရန်အတွက် ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင်မဖြစ်မနေ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေးအတွက် Mask Campaignများအား လူစည်ကားရာနေရာဖြစ်သည့် ဈေးများ၊ ကားဂိတ်များနှင့်လမ်းဆုံလမ်းဂွများတွင် စစ်ဆေးဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များ က နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေးအတွက်စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း - ဝေယံဖြိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment