မော်လိုက်မြို့၌ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများနှင့် ကိုဗစ်ပိုးတွေ့ လူနာများအတွက် ပါးစပ်၊နှာခေါင်းစည်းများနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများနှင့် ကိုဗစ်ပိုးတွေ့ လူနာများအတွက် ပါးစပ်၊နှာခေါင်းစည်းများနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်


MNP - ဖေဖော်ဝါရီ     ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ကိုဗစ်ပိုးတွေ့ လူနာများအတွက် ပါးစပ်၊နှာခေါင်းစည်းများနှင့် ကြက်ဥများ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြည့်သူ့ဆေးရုံနှင့် ကုသရေးစင်တာများတွင် ဆောင်ရွက်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပိုးတွေ့လူနာများအတွက် ကြက်ဥ စုစုပေါင်း အလုံးရေ(၅၀၀)ကိုလည်းကောင်း၊ မြို့ပေါ်ရှိ အခြေခံပညာကျောင်း (၇)ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများအတွက် ပါးစပ်၊ နှာခေါင်းစည်း(mask) စုစုပေါင်း(၅၀၀၀)တို့အား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများ လက်ခံရယူ ခဲ့ကြကြောင်း သိရသည်။

သတင်း - မော်လိုက်သားလေး            

မြန်မာနေရှင်နယ်ပို့စ်   


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)