စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြာတန်းနှင့် သဲကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြာတန်းနှင့် သဲကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်



MNP - ဖေဖော်ဝါရီ     ၆

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်ပြီးစီးသည့်  ကြာတန်းနှင့် သဲကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာ များ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြာတန်းကျေးရွာ လျှပ်စစ်မီး လင်းရေး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ လျှပ်စစ်မီး ခလုပ် နှိပ်ကာ ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း၊ လျှပ်စစ်မီးရရှိသည့် နေအိမ်များမှ မိသားစုဝင်များနှင့် သွားရောက်တွေ့ဆုံခဲ့ကြပြီး လျှပ်စစ်မီးရရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အလားတူပင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက သဲကုန်းကျေးရွာ လျှပ်စစ် မီးလင်းရေးဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြာတန်းနှင့် သဲကုန်းကျေးရွာ လျှပ်စစ်မီး ရရှိနိုင်ရေးအတွက် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ကြာတန်းကျေးရွာရှိ အိမ်ထောင်စု ၁၃၀ စုနှင့် သဲကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၈၀ စုတို့မှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် အချိန်မရွေး လျှပ်စစ်မီးများ အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

သတင်း - လွှမ်းသီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)