MNP - ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ အသက်ဆယ့်ငါးနှစ်အောက် ကလေးငယ်တိုင်းအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များအကြောင်းကို ကလေးမိခင်များအား အသိပညာပေး ရှင်းလင်းပြောကြားပေးခဲ့ပြီး ပိုလီယိုကာကွယ်ဆေးအား သုံ
MNP - ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ အသက်ဆယ့်ငါးနှစ်အောက် ကလေးငယ်တိုင်းအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များအကြောင်းကို ကလေးမိခင်များအား အသိပညာပေး ရှင်းလင်းပြောကြားပေးခဲ့ပြီး ပိုလီယိုကာကွယ်ဆေးအား သုံးကြိမ်ပြည့် အောင် တိုက်ကျွေးမှသာ ရောဂါမဖြစ်ပွားရန် ရာနှုန်းပြည့်ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် အကြိမ်ပြည့်လာရောက် တိုက်ကျွေးရန် ဂရုစိုက်စေလိုပါကြောင်း အသိပေးခဲ့သည်။ ထိုသို့ ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများက ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - စောဂျိုးဇက်ဂျူး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment