သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား


MNP - ဖေဖော်ဝါရီ    ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ(ဘလောက်ပိုင်း) ဘလောက်ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ ည ၇ နာရီ၅၂ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားသည်။

မီးလောင်မှုဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ် ပငကျေးရွာ (ဘလောက်ပိုင်း) ဘလောက် ဘုန်းတော်ကြီး ကျောင်းတွင် နှစ်ပင်လိမ်ကြိုးဖြင့် ပန်ကာဖွင့် ဖုန်းအားသွင်းရာမှတစ်ဆင့် စတင်မီးစွဲ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၁) ဦး၊ အရန်မီးသတ်ဖွဲ့ဝင် (၂၀)ဦး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ပငရေသယ်ယာဉ် (၁)စီး၊ ပငမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဝယ်ဝင်ကရာမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကရုပ္ပိမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပုဂ္ဂလိကရေသယ်ယာဉ်(၃)စီး၊ စည်ပင်ရေသယ်ယာဉ် (၂)စီးတို့ သွားရောက် ငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း အဆောက်အဦ တစ်ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

သတင်း - အေးအေးမွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)