စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ Booster Dose ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ Booster Dose ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ



MNP - ဖေဖော်ဝါရီ    ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ လျှော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက အသက်(၁၈)နှစ်အထက် ပြည်သူများအား Booster Dose ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒု မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)၊  ပလိပ်တိုက်နယ်ဆေးရုံ တွင်     ဒေါက်တာသက်ကိုကိုလွင်  (ရောဂါနှိမ်နှင်းရေး)၊  ကျောက်ဆည်တက္ကသိုလ်တွင်  ဦးစောအေး  (ကျန်းမာရေးမှူး) တို့ကဦးဆောင်၍  ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှ  ဝန်ထမ်းများ၊  ပညာရေးဌာနမှ  ဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်  ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊  ပရဟိတအသင်းအဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ  ပူးပေါင်း၍ ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီတို့၏  ကြီးကြပ်မှုဖြင့်   Omicron  အပါအဝင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  ရောဂါပိုးကိုသတိပြုကာကွယ်ရန်နှင့်ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ်  တားဆီးနိုင် စေရန်နှင့်   ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက်  သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာ   အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီးပြည်သူများသိရှိလိုက်နာစေရန်၊  အသံချဲ့စက်များ ၊Hand  Spaker များဖြင့်  လှည့်လည်ပြီး   အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း  ပိုးသတ်ဆေး များ  ဖြန်းပေးခြင်း၊  ဒေသန္တာရ စည်းကမ်းချက်များ၊ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သော  ညွှန်ကြားချက်များ    အတိုင်းလိုက်နာမှု   ရှိ/မရှိ   စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ကို  ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီ (၃၀)ရက်နေ့ထိ First Dose(၆၁၅၅၂) ဦး နှင့် Second Dose   (၅၀၁၁၄)ဦး Booster Dose ထပ်ဆောင်းကာကွယ်ဆေး(၆၀)ဦးတို့အားထိုးနှံပေးပြီး ဖြစ်ရာ   ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ညိုညိုဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)