MNP ၊ ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံထားပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးကြသည်။ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီပေါက်တောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ကာကွယ် ဆေးBooster Doseကိုကျန်းမာရေဝန်ကြီးဌာန၏ သတ်မှတ် စည်ကမ်းချက်များနှင့်အညီ ဆေးမထိုးမီကိုယ်အပူချိန်တိုင်တာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း စသည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်၃၀ခန့်စောင့်ကြည့်ကာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Doseကိုဖေဖော်ဝါရီလ ၄ရက်နေ့ မှစတင်ထိုးနှံပေးခဲ့ရာကျန်းမာရေးဝန်ထမ်း(၁၀၆)ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း( ၃၁) ဦး၊ စုစုပေါင်း (၁၃၇)ဦးထိုးနှံခဲ့ပြီး ကျန်ရှိဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment