MNP ၊ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင် များကို ဖေဖော်ဝါရီ (၁၀)ရက် နံနက် (၁၁)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ပြည်သူများထံသို့ အခမဲ့လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံမြို့စော်ဘွားများထမင်းစားပွဲတွင် ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူများ၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ အစရှိသည့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ ပါဝင်ပြီး အခြေခံပညာကျောင်းများ၊ ဈေးများ၊ မော်တော်ယာဉ်ဂိတ် စသည့်လူစည်ကားရာနေရာများရှိ ပြည်သူများထံ လက်ကမ်းစာ စောင်(၂၅၀)စောင် ကိုလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment