နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး



MNP - ဖေဖော်ဝါရီ     ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့်  ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယ‌နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌‌ကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ဝေယံဖြိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)