MNP - ဖေဖော်ဝါရီ ၈
၂၀၂၂ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားဖွံ့ဖြိုးမှုအစီအစဉ်(TSDP)အရ ကျင်းပ ပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မြို့မအားကစား ကွင်းအတွင်း ယမန်နေ့ ညနေ ၄နာရီ အချိန်က ချောင်းကြီး အသင်းနှင့်ချောင်းငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉၀)အထိ သုံးဂိုးစီသရေကျနေသဖြင့် ပယ်နတီအဆုံးအဖြတ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြရာ ချောင်းကြီးအသင်းက ချောင်းငယ် အသင်းအား (၃ဂိုး-၂ဂိုး)အနိုင်ရရှိခဲ့ကြောင်း သိရသည်။
၎င်းဘောလုံးပြိုင်ပွဲအား ဇန်နဝါရီလ၃၁ရက်နေ့မှစ၍ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအစီအစဉ်နှင့်အတူ နေ့စဉ်တစ်နေ့လျှင် (၂)ပွဲစီဖြင့်ယှဉ်ပြိုငကစားလျက်ရှိပြီး ယနေ့မှစ၍ ဆီမီးဖိုနယ်ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ထိုသို့ဘောလုံးပွဲစဉ်များယှဉ်ပြိုင်ကစားနေမှုများကို မြို့နယ် အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ ချောင်းကြီး ရပ်ကွက်-ချောင်းငယ်ရပ်ကွက်အတွင်းမှ ဒေသခံပြည်သူများ၊ အားကစားသမားများနှင့် ဘောလုံး ဝသနာရှင်များက မြို့မအားကစားကွင်းလုံးအပြည့် တခဲနက်အားပေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ဌာနဆိုင်ရာအသင်း ၊ ချောင်းကြီးရပ်ကွက်အသင်း၊ ချောင်းငယ် ရပ်ကွက်အသင်း၊ ဆင်ခြေဖုန်းအသင်း၊ ရေဖြူကျေးရွာအသင်း၊ တမုတ်ချုန်းကျေးရွာ အသင်းနှင့် တပ်နယ်အသင်း စသည့် ပြိုင်ပွဲဝင်အသင်း(၈)သင်းတို့က အုပ်စု(၂)စုခွဲ၍ ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ(၈)ရက်ညနေ ၄နာရီအချိန် ဆင်ခြေဖုန်းအသင်းနှင့် ဌာနဆိုင်ရာအသင်းတို့က ဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
သတင်း - နန်းသာရီ-ထိန်ဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com





No comments:
Post a Comment