မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covid shield) ထိုးနှံပြီးသူများအား (Booster Dose) ထပ်မံထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covid shield) ထိုးနှံပြီးသူများအား (Booster Dose) ထပ်မံထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covid shield) ထိုးနှံပြီးသူ ကာလ(၆)လနှင့်အထက်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) အဖြစ် ရုရှားနိုင်ငံထုတ် Sputnik ဆေးထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက မိုးညိုပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး (Booster Dose) ထိုးနှံပေးရာ ထိုမြို့နယ်ကို ဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံသည်ကို လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

ထိုကိုဗစ် ကာကွယ်ဆေးထိုးနှံခြင်းကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ၆လကျော်သူများ ယူဆောင်လာသော ဆေးထိုးကတ်ပြားများအား စနစ်တကျ စာရင်းရေးသွင်းပြီး စည်းကမ်းတကျ ထိုးနှံနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)