စမ်းချောင်းမြို့နယ်၌ နိုင်ငံဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စမ်းချောင်းမြို့နယ်၌ နိုင်ငံဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံခြင်းဆောင်ရွက်



MNP - ဖေဖော်ဝါရီ     ၁၇

စမ်းချောင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ  ဟံသာဝတီလမ်းရှိ အထက( ၁)ကျောင်းဝင်းအတွင်း၌ နိုင်ငံ့ဝန်ထမ်းများအား  ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ကို  ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ရုရှားသမ္မတ္တနိုင်ငံမှ  Sputnik  Light  Vaccine ကာကွယ်ဆေး အား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး(၆)လပြည့်ပြီး ဌာနဆိုင်ရာ ဝန်ထမ်း များအား ထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်  ကျန်မာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေး ခြင်း၊  သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက် ပေးပြီး ပုံမှန်အနေအထားရှိသူများအားဆေး ထိုးနှံပြီး မိနစ်(၃၀)အကြာစောင့်ဆိုင်းပြီးမှ ပြန် လည် ထွက်ခွာခွင့်ပြုခဲ့သည်။

ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများ (၅၀၀)ဦးခန့်  ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ကြောင်းသိရပြီး  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဝင်များ၊  လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  မြို့နယ်ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များက လိုအပ်သည်များကို ဝိုင်း ဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - နီလာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)