ဟုမ္မလင်းမြို့နယ်၌ သံဃနာယကအဖွဲ့ ဆရာတော်များအား မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ၍ သံဃအဖွဲ့အစည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေးချယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်းမြို့နယ်၌ သံဃနာယကအဖွဲ့ ဆရာတော်များအား မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ၍ သံဃအဖွဲ့အစည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေးချယ်


MNP - ဖေဖော်ဝါရီ    ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် လုံးဆိုင်ရာ ပရိယတ္တိစာသင်ကျောင်းတိုက်၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ၍ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များအား သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ရွေးချယ်ခဲ့ကြသည်။

ဟုမ္မလင်းမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော် (၁၁) ပါးအား မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး၌ ဆန္ဒမဲပေးပိုင်းခွင့် ရှိသည့် သံဃာ့ဝန်ဆောင်ဆရာတော် (၆၀) ပါးရှိပြီး၊ ကိုယ်တိုင်ဆန္ဒမဲပေးသူ (၃၃) ပါး၊ စာဖြင့် ဆန္ဒမဲပေးသူ (၂၇) ပါး၊ စုစုပေါင်း (၆၀) ပါးဖြင့် ဆန္ဒပြုရွေးချယ်ခဲ့ကြပြီး ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော် (၃)ပါးဖြင့် အတည်ပြုရွေးချယ် ခဲ့ကြသည်။

မြို့နယ်သံဃနာယကအဖွဲ့ဝင် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဓမ္မသာမိ မင်းကွန်းရိပ်သာကျောင်းတိုက် ဆရာတော်ကဆောင်ရွက်၍ ဩဝါဒကထာမိန့်ကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းကို မြို့နယ်သံဃနာယကအဖွဲ့ဝင် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဟုမ္မလင်းမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော် (၅) ပါးအား ရွေးချယ် ခဲ့ကြောင်း သိရသည်။

သတင်း - ဧဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)