သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ မူလတန်းကလေးငယ်များ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ မူလတန်းကလေးငယ်များ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ







MNP ၊ ဖေဖေါ်ဝါရီ ၂၇

ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက် တတ်သော အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲကို  ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကလေးငယ်များအတွက် စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျည်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲ များကိုကျင်းပပြုလုပ်ကြရာ သံတွဲမြို့ ဒွါရာဝတီမူလွန်ကျောင်း မူလတန်းအထက်ဆင့်ကျောင်းသား၊ ကျောင်းသူ ၂၂ ဦးလာရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိ သူများကိုလက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်၊ဒုတိယဦးစီးမှူးဒေါ်မေမွန်ထွဋ်နှင့်ကျောင်းအုပ် ဆရာမကြီးဒေါ်မူမူမြင့် တို့ကဆုများချီးမြှင့်ပေးကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များချီးမြှင့်ပေးခဲ့သည်။


ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဆရာမများသည် သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန( Community Centre )ရှိ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်းနှင့် ကလေးကစားခန်းများ အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

                                                                                 

သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)