အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသည့် CRPH, NUG ကို ထောက်ခံအားပေးပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်သူ မော်ဒယ်သင်းသင်း ဖမ်းဆီးခံရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသည့် CRPH, NUG ကို ထောက်ခံအားပေးပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်သူ မော်ဒယ်သင်းသင်း ဖမ်းဆီးခံရပြီ











MNP ၊ ဖေဖော်ဝါရီ ၂၃

NLD အစွန်းရောက်များဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များကို ထောက်ခံအားပေးပြီး ဆူပူအကြမ်းဖက် လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့သူ မော်ဒယ်သင်းသင်းအား ယမန်နေ့ညက ဖမ်းဆီးလိုက်သည်။

မော်ဒယ်သင်းသင်းက ဗွီဒီယိုရိုက်၍ အမျိုးသမီးတစ်ယောက်ကို ဒီလိုဖမ်းရလား၊ ဒီလို ဖမ်းလို့ မရဘူးဟု ရုန်းရင်းဆန်ခတ် ပြောဆိုနေစဉ် တာဝန်ရှိသူများက ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးခြင်းအပေါ် အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံသူများအနေဖြင့် မကျေမနပ်ဖြစ်ကာ လူမှုကွန်ရက်စာမျက်နှာများတွင် ပြန်လည်ရေးသားဖော်ပြနေသည်ကို တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အကြမ်းဖက်အဖွဲ့များ၏ ဝါဒဖြန့်လှုံ့ဆော်မှုများကို သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါဆောင်ရွက်ခြင်းမပြုကြရန်နှင့် ပါဝင်ဆောင်ရွက်ပါက ဥပဒေကြောင်းအရ အရေးယူခံရမည့်အပြင် ပိုင်ဆိုင်မှုများ နိုင်ငံတော်ပိုင်သိမ်းဆည်းခံရနိုင်ကြောင်း ထုတ်ပြန်ပြောဆိုထားပြီး ထုတ်ပြန်ချက်ကို မသိကျိုးကျွန်ပြု၍ အကြမ်းဖက်လှုံ့ဆော်မှုများ ဆက်လက်လုပ်ဆောင်နေသူများကို ဖမ်းဆီးထိန်းသိမ်းလျှက် ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)